အထက်မင်းလှ နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ၁နာရီက (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုမူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီး ဌာနမှမြို့နယ်ဦးစီးမှူးက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးငယ်များအနေဖြင့် ဆေးရောင်များ၏ သဘောတရားနှင့် အရောင်စပ်ပုံအကြောင်းများ သိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် အရောင်အသွေးအပေါ် စူးစမ်းလေ့လာနိုင်စွမ်းမြင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ် ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို စတင်ခဲ့ သည်။
ထို့နောက်ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြိုမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မင်းလှမြို့ မြောက် ရပ် အခြေခံပညာအလယ်တန်းကျောင်းမှကျောင်းသား/ ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်းသိရသည်။ ဇာဇာ(အထက်မင်းလှ)