(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ခင်ဦး   နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အခမဲ့ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို လူစည်ကားရာနေရာများဖြစ်သော စာသင်ကျောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေသော နေရာ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် လက်ဘက်ရည် ဆိုင်များသို့ ယမန်နေ့က  သွားရောက် ဖြန့်ဝေးပေး ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက် နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်၊ ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာ၊ ၂၀၂၁ ခုနှစ် (၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များစသည့် အကြောင်းအရာစုံကို ဖော်ပြပါရှိ ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)