မြို့သစ်မြို့နယ်တွင်မိုးနှောင်းနှမ်းခေါ်ဆောင်းနှမ်းများအောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရန် တောင်သူများမျှော်လင့်

မြို့သစ်   နိုဝင်ဘာ  ၂၇

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများမိုးနှောင်းနှမ်းခေါ်ဆောင်းနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ်ထွန်းနေကြောင်း မြို့သစ်မြို့နှမ်းစိုက်တောင်သူများက ပြောကြားသည်။

အဆိုပါ မိုးနှောင်းနှမ်းခေါ်ဆောင်းနှမ်းစိုက်ပျိုးရန်တောင်သူများသည် မိုးဦးမိုးလယ်တွင်ထွန်ရေး ညက်အောင်ထွန်ထားပြီး ပေါင်းမြက်များပေါက်လာတိုင်း ထွန်ယက်ပေးနိုင်မှသာ ဆောင်းဦး နှမ်းကြဲပက်စိုက်ပျိုးချိန်ပေါင်းမြက်များကင်းရှင်းပြီးနှမ်းပင်များကောင်းလာနိုင်မှာ​ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် စက်တင်ဘာလအတွင်း မိုးရွာသွန်းပါက မိုးနှောင်းနှမ်းကြဲပက်စိုက်ပျိုးထားကာ အောက်တိုဘာလလောက်တွင် အပင်များဖြစ်ထွန်းအောင် မြင်နေကြောင်း နှမ်းစိုက်ပျိုး တောင်သူများက ရှင်းပြသည်။ ဆောင်းရာသီဝင်ရောက်လာလျှင်ဆောင်းဓာတ်ဖြင့် ဆက်လက် အအေးဓာတ်ရကာ အပင်များဖွံ့ဖြိုးနေမည်ဖြစ်ကြောင်း၊ ဆောင်းဦးနှမ်းသည်အဖူး၊ အပွင့် တင်ကာအသီးနှင့် အစေ့အောင်မြင်ကြောင်း၊ နတ်တော်လလောက်တွင် နုတ်ယူသိမ်းဆည်းကြ ကြောင်း သိရသည်။

မိုးနှောင်းနှမ်းခေါ်ဆောင်းနှမ်းကိုမိုးဦးကျတွင် စိုက်ပျိုးကြဲပက်သည့် နှမ်းကြီးပင်ဖြစ်ကာ မြို့သစ် မြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများသည် မိုးနှောင်းနှမ်းခေါ်ဆောင်းနှမ်းစိုက်ပျိုးကြသည့် ကျေးရွာ များဖြစ်ပြီးနှမ်းများအောင်မြင်ဖြစ်ထွန်း နေကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်/ဆက်)