လပွတ္တာ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်ကုတင်(၂ဝ၀) ပြည်သူ့ ဆေးရုံနှင့်ကြက်ခြေနီ အသင်းသို့ ဧရာဝတီတိုင်း ဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ တိုင်းကြက်ခြေနီ အသင်းမှ Oxygen Concentrator နှင့် Oxygen Cylinder အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအသင်း ဥက္ကဋ္ဌမန်းကြည်ရွှင် က အောက်ဆီဂျင်စက်(Oxygen Concentrator, 10-L)များ လှူဒါန်းရာ ကုတင်(၂၀၀) ပြည်သူ့ ဆေးရုံသို့(၇)လုံး၊ မြို့နယ်ကြက်ခြေနီအသင်းသို့(၂) လုံး၊ စုစုပေါင်း (၉)လုံး နှင့် မြို့နယ် ကြက်ခြေနီအသင်းသို့ အောက်ဆီဂျင်အိုး (Oxygen Cylinder,15-L)(၄)လုံး၊ တပ်ဖွဲ့ဝင်များအတွက် အသုံးအဆောင် ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
လပွတ္တာ ခရိုင်(ပြန်ဆက်)