ကျောက်မဲမြို့နယ်၏ (၄၂) ကြိမ်မြောက် ရွှေကျင်နိကာယဝိနယာနုဂ္ဂဟ စာပြန်ပွဲအတွက် ဌာနဆိုင်ရာများမှ စုပေါင်း၍ ဆန်နှင့်ဆီများ ဆက်ကပ်လှူဒါန်း

ကျောက်မဲ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ သီဟိုဠ် စာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် ရွှေကျင်နိကာယဝိနယာ နုဂ္ဂဟ စာပြန်ပွဲအတွက် ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ဆန် (၃၀) အိတ်နှင့်ဆီ (၆၀) ပိဿာ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် ကိုဗစ်-၁၉ ရောဂါ ကာလ ဖြစ်သည့်အတွက်ယခင်နှစ်များတွင် ကျင်းပပြုလုပ်သည့် စာပြန်ပွဲများကဲ့သို့ မြို့တွင်း၌ လှည့်လည်၍ဆွမ်းဆန် စိမ်းများ အလှူခံနိုင်ခြင်းမရှိသည့်အတွက် ဆရာတော်၊ သံဃာများ၏ ဆွမ်းကွမ်းကိစ္စ အဆင်ပြေစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာများက စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဌာနဆိုရာများ စုပေါင်းလှူဒါန်းသည့် ဆန်နှင့်ဆီများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ဆက်ကပ် လှူဒါန်း ပေးခဲ့သည်။

ယခု (၄၂) ကြိမ်မြောက် စာပြန်ပွဲကို နိုဝင်ဘာ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၃) ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ စာပြန်ပွဲတွင် ကျောက်မဲမြို့ပေါ်ရှိ ရွှေကျင်ကျောင်း (၆) ကျောင်းမှ ရဟန်းတော်၊ သံဃာတော်ပေါင်း (၄၀) ပါး ပါဝင်ပြန်ဆိုခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)