(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စစ်တွေ  ဒီဇင်ဘာ  ၁၃

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက  ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းမောင်က နေရာအရောက် ဂုဏ်ပြုလက်ဆောင် များပေးအပ်သည်။ ဆက်လက်၍ စစ်တွေတပ် နယ်မှ သားငယ်၊ သမီးငယ်များက သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်အသီးသီးမှ ရောက်ရှိလာကြ သော ဂေါက်သီးရိုက်အားကစားသမားများအား လိုက်လံနှုတ် ဆက်ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၄) လုံခြုံရေး ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး၊ ရဲမှူးချုပ်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး၊ ဒေသကွပ်မှုစစ်ဌာနချုပ် (စစ်တွေ)ခေတ္တဒေသကွပ်ကဲရေးမှူးတို့က အသင်းလိုက် အကောင်းဆုံးဆု၊ အသက်အကြီးဆုံးအား ကစားသမားဆု၊ အထူးဆု၊ အကောင်းဆုံး ယှဉ်ပြိုင်သူအားကစားသမားဆုတို့ကို ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက်   ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်အစိုးရ အဖွဲ့အတွင်း ရေးမှူးတို့က အသက်(၅၅)နှစ်အထက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသောအားကစား သမားများ၊ ပထမနေ့ အကျော့မဲ့၊ အကျော့ပေးအကောင်းဆုံး အားကစားသမားဆု၊ ဒုတိယနေ့ အကျော့မဲ့၊ အကျော့ပေးအကောင်းဆုံးအားကစားသမားဆု၊ ပထမနေ့ LD၊ ဒုတိယနေ့ LD၊ နှစ်ရက်ပေါင်း ပါအများဆုံး၊ နှစ်ရက်ပေါင်း ဘာဒီအများဆုံးအားကစားသမားဆု၊ နှစ်ရက်ပေါင်း အကျော့မဲ့၊ အကျော့ပေး အ‌ကောင်းဆုံးအားကစားသမားဆု၊ အသင်းလိုက်အကျော့ပေး၊ အကျော့မဲ့အကောင်း ဆုံးဆုတို့ကို ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အသင်းလိုက်အကျော့ပေးပထမဆုရရှိသော သံတွဲမြို့နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုဖလားအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အသင်းလိုက် အကျော့မဲ့ ပထမဆုရရှိသော မောင်တောမြို့အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက် ဆုဖလား အားလည်းကောင်းပေး အပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကားပြော ကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ၃၁ သင်း၊ ကစားသမား ၁၅၀ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)