မင်းလှမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီ အစည်းအဝေးကျင်းပ

မင်းလှ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စာရေး ဆရာအသင်းဥက္ကဌ သမုတိမျိုးမြင့်က မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယ အကြိမ်ညီလာခံကျင်းပနိုင်ရေးအတွက် ယခုလိုမျက်နှာစုံညီ အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ တတိယအကြိမ် ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ပေးရန်ကိစ္စရပ်များကို ပြောကြားသည်။

ထို့နောက်တတ်ရောက်လာသော စာရေးဆရာများက မြို့နယ်အမှုဆောင် ကော်မတီဝင်များနှင့် ညီလာခံ ကိုယ်စားလှယ်တတ်ရောက်ရန် လစ်လပ်သွားသည့်နေရာအား ပြန်လည်အစားထိုး ရွေးချယ်ရန် ညှိနှိုင်း ဆွေးနွေး ခဲ့ကြပြီး၊ ညီလာခံကိုယ်စားလှယ်တတ်ရောက်ရန် စာရေးဆရာအသင်း ဥက္ကဋ္ဌ သမုတိမျိုးမြင့်ကို ရွေးချယ်ထားကြောင်း သိရသည်။

ပေါက်စ