ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၅
ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ချက်ကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက်နေ့က လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မီးဘေးသင့် ပြည်သူ လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျောက်ချက်ကျေးရွာ မီးဘေးသင့် ပြည်သူ နေအိမ်နေရာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မီးဘေးသင့်အိမ် ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ အိမိဆောက်ပစ္စည်းဖိုး ၂၀၀၀၀၀ ကျပ်၊ အိမ်ထောင်စု တစ်စုလူဦးရေ (၄)ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုး ၈၄၀၀ ကျပ်တို့အား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း၊ ကျေးလက်လမ်း ဦးစီးဌာန AE ဦးပန်သုမောင်နှင့် တာဝန်ရှိသူများမှ မီးဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)