ညောင်တုန်းမြို့နယ်၊ တောင်သူလယ်သမားဆေးရုံအတွင်းရှိ အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ၊ တောင်သူ လယ်သမားဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးနှင့် အခြားသောကုသရေးများတွင် အောက်စီဂျင်လိုအပ်‌သောလူနာများ လုံလောက် စွာရရှိစေရန်ရည်ရွယ်၍ “နေကြာ” မွေးမြူရေး လုပ်ငန်းမှ တစ်ဦးတည်းအလှူရှင်အဖြစ် တည်ဆောက်လှူဒါန်းသည့် Mobile Oxygen Plant 20Nm³(Containerized) အမျိုးအစား အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  မွန်းလွဲ ၂နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦ:ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး အောက်စီဂျင်စက်ရုံ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးထွန်းသိန်းက ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ အလှူရှင်မိသားစုဝင်များ၊ စက်ရုံကြီးကြပ်မှု‌ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)