ကမမောင်း ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှု ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင် ငှားရမ်းတတ် သည့် အလေ့အကျင့်ရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြော ပြိုင်ပွဲများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း (၈) နာရီအချိန်ခန့်က ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ယဉ်ယဥ်အေးကကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျလာသည့် အတွက် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား လူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန်၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ရန်နှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ စုစု ပေါင်း(၁၃)ဦးတို့က ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်