မိုင်းငေါ့မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းငေါ့ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊မိုင်းငေါ့မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်မှ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများက ပါဝင်ယှဉ်ပြိုင် ရေးဆွဲခဲ့ကြပါသည်။ ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များထဲမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူ (၅) ဦးတို့အား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင်သူများကိုလည်း အမှတ်တရ လက်ဆောင်များပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းငေါ့မြို့ရုံးအနေဖြင့် Online မှတဆင့် အသိပညာပေး လုပ်ငန်းများ ကိုစဉ်ဆက်မပြတ်ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်း များ၊ ဆွေးနွေးပွဲများ၊ Talk Show များ၊ ပြိုင်ပွဲများကို ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)