သံဖြူဇရပ် ဒီဇင်ဘာ ၁၇
ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ဉာဏစွမ်း ရည်ပြိုင်ပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမွန်က ကျောင်းသား ကျောင်းသူကလေးများအနေဖြင့် စိတ်ကူးဉာဏ်ရင့်သန်၍ ကိုယ်ပိုင်တီထွင်ဖန်တီးတတ်သည့်အလေ့ အကျင့် ကောင်းများရရှိ လာစေရန်၊ဉာဏ်ရည်ဉာဏ်သွေးမြှင့်မား လာစေရန်၊ စာကြည့်တိုက်ကိုအသုံးပြု တတ်စေရန်နှင့် အားလပ်ချိန်များကိုအကျိုးရှိစွာ အသုံးချတတ်သည့် အလေ့အကျင့်ကောင်းဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ပြိုင် ပွဲများ ပြုလုပ်ကျင်းပရကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ပြိုင်ပွဲသို့ သံဖြူဇရပ်မြို့နယ် အ.လ.ခ (ခွဲ)အောင်ဇေယျကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဝင် ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေး အပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)