(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရွှေကူ ဒီဇင်ဘာ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာမူလတန်းအဆင့်(ကျောင်းပေါင်းစုံ) ကဗျာရွတ် ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင်ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းက (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာမူလ တန်းအဆင့်(ကျောင်းပေါင်းစုံ) ကဗျာရွတ်ဆိုပြိုင် ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်းချမ်းက အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲအားဆက်လက်ကျင်းပရာ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးက လွတ်လပ်ရေးနေ့ကို ဦးတည်ရည်ရွယ်သည့် ကဗျာများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ပြိုင်ပွဲဝင်များ အားလုံးကို (သုမေဓာ)ပရဟိတအသင်းမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီလ ()ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ဆုများအသီး သီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)