ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်
Dec 30,2021
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကလိန်အောင်မြို့ အဝင်တံတားကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ် များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။