ဘူးသီးတောင် ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်ပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့နေ့လယ်(၁)နာရီ အချိန်ကပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က (Talk Show) ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဦးမြင့်ခိုင်က မြန်မာနိုင်ငံသည် ကိုလိုနီကျွန်ဘဝ ရောက်ကာ လွတ်လပ်ရေးဆုံးရှုံခဲ့ပုံကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ ကျောင်းအုပ်ဆရာကြီး(ငြိမ်း) ဦးသန်းလှိုင်က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရပုံ၊ လွတ်လပ်သောနိုင်ငံဖြစ်လာခဲ့ပုံ၊ လွတ်လပ်ရေးမဆုံးရှုံးရအောင် ကာကွယ်သင့်ပုံနှင့် မြန်မာတိုင်းရင်းသားအားလုံး လွတ်လပ်ရေးကိုမဆုံးရှုံးရအောင် အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် စည်းကမ်းရှိရှိဖြင့်နေထိုင်ကြရေး စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)