ချမ်းအေးသာစံ ဒီဇင်ဘာ ၃၀
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီခွဲက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကလေးငယ်များ၏ ကာယစွမ်းရည်တိုးတက်စေရေး၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရေး၊ စာဖတ်စွမ်းရည် တိုးတက်စေရေးတို့ကို ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ယခုလို ကျင်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စာကြည့်တိုက်မှူး ဒေါ်မို့မို့အောင်က ပြိုင်ပွဲများအကြောင်း၊ ပြိုင်ပွဲများ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နီလာကျော်ကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်