ပူတာအိုခရိုင် Community Centre ခန်းမ၌ ဒေသ၀မ်းစာဖူလုံရေး Talk Show ဆွေးနွေး

ပူတာအို     ဒီဇင်ဘာ     ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပူတာအိုခရိုင် ဒေသ၀မ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား မေးမြန်းဆွေးနွေးခြင်း Talk Show ကို ယမန်နေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ပူတာအိုခရိုင် ဒေသ၀မ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တောင်သူများအား နည်းပညာပေး ဆောင်ရွက်မည့်အစီအစဉ်များ၊ ဒေသအထွက်တိုး စပါးမျိုးဖြစ်သည့် ဆင်း ဧကရီ-၃ မျိုးစပါး ပြောင်းလဲတိုးချဲ့သွားမည့် အစီအစဉ်များ၊ မြေဆီလွှာပြုပြင်မှုနှင့်ပတ်သက်၍ တောင်သူများ လိုက်နာရမည့် အချက်အလက်များနှင့် သဘာ၀မြေဩဇာ ဓါတ်မြေဩဇာများကို အထွက်နှုန်းတိုးတက်လာ စေရေးအတွက် ထည့်သွင်းအသုံးပြုရမည့် နည်းလမ်းများကို မေးမြန်းဆွေးနွေးခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက မေးမြန်းချက်များနှင့် ပူတာအိုခရိုင် ဒေသ၀မ်းစာဖူလုံရေးအတွက် လိုအပ်ချက်များကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးသည်။

ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပူတာအိုခရိုင် ဒေသ၀မ်းစာဖူလုံရေးအတွက်  တောင်သူများကို စိုက်ပျိုးရေးအသိပညာပေး အစီအစဉ်များ လျာထားဆောင်ရွက်လျက်ရှိသည့်အပြင် (၂၀၂၁-၂၀၂၂) ခုနှစ်တွင် ဧက(၁၀၀၀)မျိုးပြောင်းလဲရန် မြို့နယ်သုံးမြို့နယ်တွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပူတာအိုမြို့နယ်တွင် ဧက(၇၀၀)၊ မချမ်းဘော့မြို့နယ်တွင် ဧက(၂၀၀)၊ နောင်မွန်မြို့နယ်တွင် ဧက(၁၀၀)မျိုး ပြောင်းလဲတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးထံမှသိရသည်။

ဖုန်ကန်