နမ္မတူတွင် ရတနာမေ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်

နမ္မတူ ဒီဇင်ဘာ ၃၀

နမ္မတူတွင် ရတနာမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် သမဝါယမအသင်းစု လီမိတက်အသင်းရုံးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးတွင် ရတနာမေအမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်မှဥက္ကဋ္ဌ ဒေါ်နန်းအေးသီးမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒါရိုက်တာ အတွင်းရေးမှူး ဒေါ်အေးအေး (၂)နှင့် အသင်းစာရင်းစစ် (အဖွဲ့ခေါင်းဆောင်) ဒေါ်ခင်နွဲ့ရီတို့က အသင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ငွေခွဲဝေမှု၊ စာရင်းစစ်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ မြို့နယ် သမဝါယမဦးစီးအရာရှိ ဦးဆမ်မန်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာသော အသင်းသားအသင်းသူ (၅၀)ဦးအား မြို့နယ် သမဝါယမ ဦးစီးအရာရှိ ဦးဆမ်မန်းနှင့် တာဝန်ရှိသူများက ငွေကျပ် (၁၂၅၀၀၀)ကျပ်တန်ဖိုးရှိ အမှတ်တရ လက်ဆောင်ပစ္စည်းများအား အသင်းသား၊ အသင်းသူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရ သည်။

လူမော် (ပြန်/ဆက်)