ပျော်ဘွယ်မြို့နယ်တွင်ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါပိုးသတိပြုကာကွယ်ရေး အသိပေးနှိုးဆော်လျက်ရှိ

ပျော်ဘွယ်  ဒီဇင်ဘာ  ၃၀

ပျော်ဘွယ်မြို့နယ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့သည် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါပိုးအား သတိပြုကာကွယ်နိုင်စေရန်အတွက် အသိပညာ ပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက ကန်သာကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ နှာခေါင်းစည်းတပ်ဆင်ရာတွင်လည်း မတပ်ခင်လက်ကို စနစ်တကျသန့်ရှင်းရန်၊ အသုံး ပြုပြီးသောနှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ ချောင်းဆိုး နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံသွားရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက်မှုကောင်းမွန်ရေး ဖွင့်ထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်းလိုက်နာနေထိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ထိုးနှံနိုင် ရေးတို့အား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)