တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Jan 20,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာပေမြတ်နိုးသူ လူငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပုံပြင်စာအုပ်များနှင့် စာဖတ်ဝိုင်းကျင်းပကာ ပုံပြင်ပြောခြင်းကို ယနေ့နံနက်က ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။