သတင်းများ

မယ်စဲ့မြို့နယ်တွင် အသက်  ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွာများအား လူမှုရေးပင်စင်ထောက်ပံ့
Dec 27,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက အသက်  ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွာများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယနေ့ နံနက်က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 27,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး(Talk Show)ကျင်းပ
Dec 27,2021
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (မန္တလေး)တို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး(Talk Show)ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ အစိုးရ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပပြီးစီး
Dec 27,2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှိ မဟာဝိဇိတာရာမအလံပြကျောင်းတိုက်တော်ကြီးတွင် ဒီဇင်ဘာ ၂၄ ရက်​နေ့ကစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့က စာမေးပွဲနောက်ဆုံးနေ့ကျင်းပဖြေဆိုပြီးစီးခဲ့သည်။
ပဲခူးခရိုင် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး “စာဖတ်ဝိုင်း” ပြုလုပ်
Dec 27,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာပေချစ်သူများ (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၁)နာရီက စာရေးဆရာ ချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်စာ” စာအုပ်ဖြင့် ဖတ်ရှိန် မြှင့်တင်ရေး “စာဖတ်ဝိုင်း” ကို ကျင်းပပြုလုပ်ခဲ့သည်။
ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို (Talk Show) ဆောင်ရွက်
Dec 27,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် (Talk Show)ကို ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉) နာရီတွင် ကျင်းပခဲ့သည်။
ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 27,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွမ်းဆိပ်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 27,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ပဉ္စမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး စုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။