ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်ဆည်   ဒီဇင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ပဉ္စမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး စုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပဉ္စမအသုတ်(ပထမအကြိမ်) အဖြစ် သံဃာ တော်နှင့် သီလရှင်(၅၂)ပါး၊ ကျန်းမာရေးဝန်ထမ်း(၆)ဦး၊  နိုင်ငံ့ဝန်ထမ်း (၁၂၅)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း(၁၃၃)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ကိုင်သူ(၅၂)ဦး၊ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ ()ဦး၊ ပုဂ္ဂလိကငွေကြေးဝန်ဆောင်မှု လုပ်ကိုင်နေသူ(၆)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်း(၂)ဦး၊ အခြားဝင် ငွေရလုပ်ကိုင်သူ(၄၂၁၅)ဦး၊ ပြည်သူ(၁၃၉၈)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၇၅၀)ဦး စုစုပေါင်း(၆၇၄၀)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စတုတ္ထအသုတ်အဖြစ် (၁၁၇၈၂)ဦး၊ တတိယအသုတ်အဖြစ် (၁၃၅၈၉)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)