ပဲခူးခရိုင် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး “စာဖတ်ဝိုင်း” ပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၇

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာပေချစ်သူများ (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၁)နာရီက စာရေးဆရာ ချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်စာ” စာအုပ်ဖြင့် ဖတ်ရှိန် မြှင့်တင်ရေး “စာဖတ်ဝိုင်း” ကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက မြန်မာ့ယဉ်ကျေးမှု အနှစ်သာရနှင့် စရိုက်လက္ခဏာများ၊ မြန်မာအဘိဓာန်ပါ ယဉ်ကျေးမှုကို ဖွင့်ဆိုချက်များ၊ မဏိသာရမဉ္ဇူသာကျမ်း ရေးသားဖြစ်ပေါ်မှုနှင့် ယနေ့ ယဉ်ကျေး မှုကို တိုးတက်နေသလား၊ ဆုတ်ယုတ်နေသလားဆိုသည့် အယူအဆ ထွက်ပေါ်ချက်များအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်သူများကလည်း  အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)