နမ့်ဆန်၊ နိုဝင်ဘာလ ၂၇ရက်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်−၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုမှာ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြား လာပြီဖြစ်ကြောင်း၊ ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကို ပြည်သူများအနေဖြင့် ဆက်လက်ကာကွယ်တား ဆီးနိုင်ရေးအတွက် အထူးသတိပြု ကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှမိမိတို့၏ နေအိမ်၌သာ နေထိုင်ခြင်း၊ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်ခြင်းစသည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာ နေထိုင်ရေးနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ပျက်မကွက်ထိုးနှံကြကာ အိုမီခရွန်အပါအဝင် ကိုဗစ်−၁၉မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကူးစက်မှု ရပ်တန့်စေရေး ရောဂါ ကာကွယ် ရေးနည်း လမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)