ဒိုက်ဦး ဒီဇင်ဘာ ၂၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှိ မဟာဝိဇိတာရာမအလံပြကျောင်းတိုက်တော်ကြီးတွင် ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့က စာမေးပွဲနောက်ဆုံးနေ့ကျင်းပဖြေဆိုပြီးစီးခဲ့သည်။
စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရအဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ပြုလုပ်ခဲ့ရာ အဘိဓမ္မာ သင်တန်းမှသင်တန်းသား သင်တန်းသူများ ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
အဆိုပါ စာမေးပွဲများ ပြုလုပ်နေမှုများအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့သစ်ကျောင်းတိုက် ဆရာတော် ဥူးဝိဇ္ဇောဘာသနနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင် များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)