ပလောက် ဒီဇင်ဘာ ၂၇
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show)ကို ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြိတ်ခရိုင်၊ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်နှင်းမြူလွင်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အငြိမ်းစားကျောင်းအုပ် ဆရာကြီး ဦးအောင်မြင့်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ယနေ့ခေတ် လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိတ်ခရိုင် ၊ ပလောက်မြို့ရုံးမှ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show အစီအစဉ်များကို ဌာန ဆိုင်ရာများဖြင့် ပူးပေါင်း၍ အများပြည်သူ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် လစဉ်ပြု လုပ်ဆောင်ရွက်ပေးပြီး ပလောက်မြို့ ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နှင်းမြူလွင်(ပလောက်)