မြိတ်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပလျက်ရှိ

မြိတ်   ဒီဇင်ဘာ   ၃၀

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ခရိုင်အားကစားခန်းမတွင် ကျင်းပလျက်ရှိကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲသည် မြန်မာ့ရိုးရာခြင်းလုံး လေးပေါက်တန်းပြိုင်ပွဲဖြစ်ပြီး  ပြိုင်ပွဲကို ပြိုင်ပွဲဝင် ကလပ်အသင်း(၆)သင်း ပြိုင်ပွဲဝင်အားကစားသမား(၄၈)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြ သည်။ ထို့အတူ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲသည် (၃)ယောက်တွဲ ပြိုင်ပွဲဖြစ်၍ ကလပ် အသင်း(၈)သင်း ပြိုင်ပွဲဝင်အားကစားသမား(၄၀)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြသည်။

မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၂၉)ရက်မှ(၃၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ(၂၅)ရက်မှ ဇန်နဝါရီလ(၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို လွတ်လပ်ရေးနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး