ငပု​တောမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ် 

ငပု​တော ဇန်နဝါရီ   ၂၃ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပု​တောမြို့နယ်  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက်အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလ  ၂၂ ရက်နေ့  နံနက် ၁၀ နာရီအချိန်က ရပ်ကွက်ကျေးရွာများ အတွင်းရှိသက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ငပု​တော မြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျုံးဝင်သည့် အသက် (၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား တစ်ဦးလျှင်ကျပ် ၁၀၀၀ဝိ/- နှုန်းဖြင့်  (၃)လစာအတွက် ကျပ် ၃၀၀၀ဝိ/-ကိုသက်ကြီးဘိုးဘွား စုစုပေါင်း ( ၁၇၉၂ )ဦးအတွက် စုစုပေါင်း    ၅၃၇၆၀၀၀ဝိ/-) တိတိ အား  မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး  ​​ဒေါ်စိုးမြတ်မွန်နှင့် ဝန်ထမ်းများ လူမှုဝန်ထမ်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမှုး ဒေါ်လှလှဝင်း  အမျိုးသမီ​ရေးရာအသင်းအဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများပူး​ပေါင်း၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

 နုနု​အေး