မြောင်းမြ ဇန်နဝါရီ ၂၂
၂၀၂၂ ခုနှစ်၊ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသမီးရေးရာအဖွဲ့ နာယက ဖလား(၂၆) မြို့နယ် ၊ အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ၅ ယောက်တွဲ၊ အခြေခံ (၄၆)ကွက်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ မှ(၂) ရက်နေ့အထိ ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ပွဲရုံတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။
မြောင်းမြမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့်အဆိုပါ အေရိုးဗစ်ပြိုင်ပွဲသို့ပါဝင်ယှဥ်ပြိုင်မည့်အားကစားသမားများအားလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဖလား(၂၆) မြို့နယ် ၊အသက် (၂၅)နှစ် အောက် အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ၅ ယောက်တွဲအခြေခံ (၄၆)ကွက်ပြိုင်ပွဲကို မြောင်းမြ ၊အိမ်မဲ၊ဝါးခယ်မမြို့နယ်များမှပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီးမြို့နယ်များအလိုက်လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးလျက်ရှိကြောင်းနှင့်ကြက်တောင်ရိုက်၊တိုက်ကွမ်ဒိုနှင့်ဂျူဒိုအားကစားသမားများအနေဖြင့်လည်းနေ့စဥ်လေ့ကျင့်မှုများဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်အားက စားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
စန္ဒာကြည်