လသာမြို့နယ်တွင် အခြေခံစားကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေး
Feb 28,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေ စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏အစီအစဉ်ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီလက်အောက်ရှိ တိရစ္ဆာန်ဆေးကုရေးနှင့် အသားထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာနမှ၀န်ထမ်းများ ပါ၀င်သောအဖွဲ့သည် မော်တော်ယာဉ်(၃)စီးဖြင့် ယမန်နေ့နံနက် (၀၇း၀၀) နာရီအချိန်က အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊