သတင်းများ

သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်
Feb 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိ နှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Feb 28,2022
ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ သို့ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ကွမ်းဖလားကျေးရွာနှင့် ပွင့်လင်းတဲတိုက်သို့ သောက်သုံးရေ ၂၄၀၀ဂါလံ လှူဒါန်း
Feb 28,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကွမ်းဖလားကျေးရွာနှင့် ပွင့်လင်း တဲတိုက်သို့ ဖေဖော်ဝါရီ ၂၈ရက်၊နေ့ခင်း ၂နာရီအချိန်က သောက်သုံးရေ ဂါလံ ၂၄၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာ- ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်း သင်တန်း အမှတ်စဉ် ( ၂ / ၂၀၂၂ ) မှိုမျိုးစေ့ထုတ် သင်တန်းဖွင့်ပွဲကျင်းပ
Feb 28,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၁၈ ) ၊ ဒိုးကွင်ရှိစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မြန်မာ-ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှုလေ့ကျင့်ရေး သင်တန်းကျောင်း ၊ သင်တန်းအမှတ်စဉ် (၂ / ၂၀၂၂ ) မှိုမျိုးစေ့ထုတ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ( ၉) နာရီက အဆိုပါလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ သင်တန်း နည်းပြဆရာ၊ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည် ။
မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အဆင့် ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှုသင်တန်း ဆက်လက်ဆွေးနွေးပို့ချ
Feb 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ (မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ဆက်လက်ဆွေးနွေးပို့ချလျက်ရှိကြောင်းသိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်း၌ မြို့နယ်ကျန်းမာရေးအဆင့်မြင့်ကျောင်းထူထောင်ရေး လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းနှင့် မြို့နယ်အဆင့် စံပြ ကျောင်းဆု ပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်ကျန်းမာရေး အဆင့်မြင့်ကျောင်း ထူထောင်ရေး လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းနှင့် မြို့နယ်အဆင့် စံပြကျောင်း ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ပိုင်ကျုံမြို့ သောင့်တော်‌ကျေးရွာတွင် ကိုယ်ထူကိုယ်ထ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်လျက်ရှိ
Feb 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာအုပ်စု၊ သောင့်တော်ကျေးရွာတွင် မိုးရာသီကာလအတွင်း ကျေးရွာနေပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရေးအတွက် ကျေးရွာနေ ပြည်သူများစုပေါင်း၍ ကိုယ်ထူကိုယ်ထ သံကူကွန်ကရစ်တံတားတစ်စင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။