ကျောက်ဆည်မြို့ ပေါက်တောရပ်ကွက် အမှတ်(၁)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းဆောင်ရွက်လျက်ရှိ

ကျောက်ဆည်   ဖေဖော်ဝါရီ   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပေါက်တောရပ်ကွက် အမှတ်(၁)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေး ခြင်းဖြင့် အိမ်ထောင်စု(၁၁၀၂)စု ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၃.၄၇၆) သန်း အကုန်အကျခံကာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ် အရည် အသွေးနှင့်သတ်မှတ်ကာလအတွင်းပြီးစီး ရေးအရှည်(၃၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခင်းပေးခြင်းကြောင့် ပေါက်တောရပ်ကွက်အတွင်းမှ အိမ်ထောင်စု(၁၁၀၂)စု၊ လူဦးရေ(၄၉၉၈)ဦး ဖြတ်သန်းသွားလာရာတွင် လွယ်ကူလျင်မြန်စွာဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရ သည်။

ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြိုတွင်းလမ်းများ ပြန်လည် ပြုပင်ပေးခြင်း၊ ပန်းအလှပင်များနှင့် အရိပ်ရပင်များ စိုက်ပျိုးပေးခြင်း၊ လမ်းဘေးဝဲ/ယာများရှိ အမှိုက်များ၊ ပေါင်းမြက်များ ရှင်းလင်းပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများ တူးဖော်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

သက်မောင်