မင်းဘူး(စကု)မြို့နယ်တွင်အိုမီခရွန်‌‌ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မင်းဘူး ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ထောက်ရှာပင်၊ ဖလရုံ၊ ပိုက်သင်ကျေးရွာများသို့ အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှိုဆော်ရာတွင် တတ်နိုင်သမျှ နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရပါက နှာခေါင်းစည်း Maskများကို တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာသည့်အခါနှင့်  ပစ္စည်းများကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ စင်ကြယ်စွာ ဆေး ကြောကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးပါက သတ်မှတ်ဆေးထိုး စုရပ်များတွင် မပျက်မကွက် ထိုးနှံကြရန်နှင့် မိဘပြည်သူများအနေဖြင့် မြို့နယ်ကိုဗစ်ကော်မတီဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကို နှိုးဆော် ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)