လသာ ဖေဖော်ဝါရီ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေ စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏အစီအစဉ်ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီလက်အောက်ရှိ တိရစ္ဆာန်ဆေးကုရေးနှင့် အသားထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာနမှ၀န်ထမ်းများ ပါ၀င်သောအဖွဲ့သည် မော်တော်ယာဉ်(၃)စီးဖြင့် ယမန်နေ့နံနက် (၀၇း၀၀) နာရီအချိန်က အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
လသာမြို့နယ် အမှတ်(၄)ရပ်ကွက်မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထိပ်တွင် ရပ်ကွက်နေ ပြည် သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားများ ကို ရောင်းချပေးခဲ့ကြောင်း၊ ထို့သို့ ရောင်းချပေးခဲ့ရာတွင်စီပီ ကြက်(၁)ပိဿာ (၆၀၀ဝိ/)၊ ဝက်သားသုံးထပ်သား (၁)ပိဿာ (၁၀၀၀ဝိ/-)၊ အသားသီးသန့်(၁)ပိဿာ(၁၂၀၀ဝိ/-)၊ ဝက်နံရိုး ၊ဝက်ခေါင်း ၊ကလီစာ(၁)ပိဿာ (၉၀၀ဝိ/-) စျေးနှုန်းဖြင့်လည်းကောင်း၊ အမဲသား(၁)ပိဿာ (၁၃၀၀ဝိ/-)၊ ဆိတ်သား(၁)ပိဿာ(၂၀၀၀ဝိ/-)စျေးနှုန်းဖြင့် လည်းကောင်းရောင်းချခဲ့ကြောင်းနှင့် လာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
မို့မို့သူ(ပြန်/ဆက်)