သတင်းများ

မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Feb 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေး စာဖတ်ခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Feb 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်ခရိုင်၊ လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်းပြီး သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
နမ့်ခမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အမှတ်(၃)စပါးအထွက်တိုးစခန်း မြေနေရာကို မြို့နယ် တောင်သူလယ်သမားများ အသင်းအဖွဲ့ရုံး မြေနေရာအဖြစ် တင်ပြလျှောက်ထားမှုအပေါ် ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်များအား ချပြရှင်းလင်း
Feb 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က မြိုနယ်စိုက်ပျိုးရေး ဦးစီးဌာန၏ အမှတ်(၃)စပါး အထွက်တိုး စခန်းမြေနေရာကို မြို့နယ် တောင်သူလယ်သမားများ အသင်း အဖွဲ့အတွက် ရုံးမြေနေရာအဖြစ် တင်ပြလျှောက်ထားမှုအပေါ် စိုက်ပျိုးရေးဝန်ကြီးဌာန၏ သဘောထား မှတ်ချက်များအား ချပြ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Feb 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်များ အရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက် ဓမ္မာရုံဝန်း အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန်ကျန်ရှိသော ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး Positive Centre ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကွင်းဆင်း ကြည့်ရှု
Feb 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်၉နာရီက မြို့နယ် အားကစားခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ရောဂါပိုးထိစပ်သံသယရှိသူများထားရန်နှင့် စောင့်ကြည့်စောင့်ရှောက် ဆေးကုသခံနိုင်ရန်အတွက် စောင့်ရှောက်ရေးစခန်း Positive Centre များကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာအုပ်စု ဒေါ်လန်းတိုက်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Feb 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန် နှင့်ရောဂါပိုး ကူးစက်ပြန့်ပွား မှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။
နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိ
Feb 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။