ထန်းတပင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမူအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့၀င်များ တာ၀န်ရှိသူများက လိုအပ်သည့်အကူအညီများ ဖြည့်ဆည်း‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံသူပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ဒုတိယ အကြိမ်အားကျန်းမာရေးဝန်ထမ်းများ စနစ် တကျ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအားလည်း ဆက်လက်ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်း၊  တာဝန်ကျဌာနဆိုင်ရာများမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ယနေ့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၃၀၀)ဦးရှိပြီး ဆေးထိုးရန်ကျန်ရှိနေသည့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေး ကျေးရွာအုပ်စုများအလိုက် ဆေးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)