မအူပင်ခရိုင် Community Centre ခန်းမ၌ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မအူပင် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်ခရိုင်၊ လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်းပြီး သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အသိပညာပေး Talk Show ပြုလုပ် ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မအူပင်ခရိုင် လူမှုဝန်ထမ်းရုံး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ်(၇)ရပ် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေများ၊ ဘိုးဘွားများနဲ့ ပတ်သက်သည့် လူမှုရေးပင်စင်များ ပေးအပ်မှု၊ စောင့်ရှောက်ပေးမှု အစီအစဉ်များနှင့် မအူပင်ခရိုင်အတွင်းရှိ လူမှုရေးပင်စင် ထောက်ပံ့ပေးနေမှု အခြေအနေများ အား ပြောကြားခဲ့ပြီး သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးနှင့် ပတ်သက်၍ သိရှိလိုပါက မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့် ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း ပြည်သူများသိရှိနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(မအူပင်)