ချောင်းဆုံ မတ် ၃
မွန်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၃)ရွာရှိ ဆင်းရဲ နွမ်းပါးပြီး သဘာဝဘေးကျ ရောက်လာပါက ကြံ့ခိုင်မှုမရှိသောနေအိမ်အချို့အား သဘာဝဘေးဒဏ်ခံနိုင်သောရပ်ရွာ အသိုက်အဝန်း ဖြစ်ပေါ် လာစေရေးပညာပေးခြင်းနှင့်ပြုပြင်ရေးလုပ်ငန်းများကို မတ် လ(၁)ရက် နေ့ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မတ်လ(၃) ရက်နေ့ နံနက်ပိုင်းကဆယ်ပလာ ကျေးရွာရှိ ဆင်းရဲးနွမ်းပါးသည့် အိမ်ခြေ(၅၀)အား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့ဝင်များက ဆယ်ပလာကျေးရွာတွင် နွေဦးကာလနှင့် မိုးကြိုကာလရာသီ ပြောင်းချိန် တွင် သဘာဝဘေးဒဏ်ကျရောက်လျှင် အန္တရာယ်ရှိနိုင်သော နေအိမ်များကို လေပြင်းဒဏ်ခံကြံ့ခိုင်စွမ်းအားရှိစေရန် သွပ်နန်းကြိုး များဖြင့်ချည်နှောင်ပေးခြင်း အမိုး၊ အကာ၊ ဒိုင်းများပြုလုပ်ပေးခြင်း ပြိုလဲမသွားနိုင်ရန်အတွက် ကျားကန်ထောင်မတ်ပေးခြင်း အားဖြည့် ပြင်ဆင်ခြင်း လုပ်ငန်းများကို အဆိုပါအဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း ကလွီကျေးရွာသို့ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)