စဉ့်ကိုင်မြို့နယ် ပညာဓိကာရုံ စာသင်တိုက်အတွင်း (၁၅) ကြိမ်မြောက် ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲ ဆက်လက် ကျင်းပ

စဉ့်ကိုင် မတ်လ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံ ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ၏  ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၅)  ကြိမ်မြောက်  " ပရိယတ္တိ်ဓမ္မာနုဂ္ဂဟ "   စာမေးပွဲကို   ယနေ့မွန်းလွဲ (၁)နာရီက အဆိုပါကျောင်းတိုက်တွင် ဒုတိယနေ့ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ " ပရိယတ္တိ်ဓမ္မာနုဂ္ဂဟ" စာမေးပွဲကို ပညာဓိကာရုံ၊ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒနှင့် ဂဏဝါစကအဖွဲ့တို့က ကြီးမှူးကျင်းပခဲ့၍ စာမေးပွဲကို ပထမကြီးတန်၊  ပထမလတ်တန်း၊ ပထမငယ်တန်း၊  မူလတန်း၊  မူကြိုတန်း၊   စာစတန်း များတွင် စာဖြေသံဃာ စုစုပေါင်း (၄၀) ပါး ဖြေဆိုခဲ့ကြသည်။

" ပရိယတ္တိ်ဓမ္မာနုဂ္ဂဟ " စာမေးပွဲကို ၁၃၈၃-ခု၊  တပေါင်းလဆန်း (၁) ရက်နေ့မှ  (၇) ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်း စာအောင်လက်မှတ်နှင့် ဆုများကို ၁၃၈၃ခု တပေါင်းလပြည့်ကျော်  (၈) ရက်တွင် ပညာဓိကာရုံ ပရိယတ္တိစာသင်တိုက်၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း နာယကစာချ ဆရာတော် ဘဒ္ဒန္တဟိတဓရထံက သိရသည်။

၀င်း၀င်းသန်း (စဉ့်ကိုင်)