ချောင်းသာမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

ချောင်းသာ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က ကံကြီးကျေးရွာအုပ်စုတွင် ပါးစပ်နှင့်နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူသွားလူလာများပြားသည့် (ကံကြီး-ချောင်းသာ)လှေကူးတို့ဆိပ်၊ (အ-လ-က)ကံကြီးနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျေးရွာ/ ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ ဈေးရောင်း/ ဈေးဝယ်လာသူများ၊ လမ်းသွား/ လမ်းလာပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ခရီးသွားပြည်သူများကို မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)မပါရှိသော ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့​ကြသည်။

အဆိုပါ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်ကြောင်း သိသည်။

ကျော်ကျော်