သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရပ်ကွက်များ အရောက် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများ သွားရောက်ထိုးနှံပေး
Mar 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုမရှိစေရန်နှင့် ရောဂါဖြစ်ပွားမှုလျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့်အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် ၉၄ ရပ်ကွက် ၊ အ.ထ.က-၂ ကျောင်းတွင် စုရပ်နေရာအဖြစ် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်မှုသရုပ်ပြ
Mar 27,2022
ပူပြင်းခြောက်သွေ့သော နွေဦးရာသီ ရောက်ရှိလာသဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းနှင့် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင်အသက်(၁၈) နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Mar 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးရပ်ကွက်များ အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် အတွင်းရှိ အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး အိမ်တိုင်ရာရောက် လိုက်လံ ဆောင်ရွက်
Mar 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ် နိုင်ရန်ရည်ရွယ်၍ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍ ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများကို အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင်ကြက်​ခြေနီအသင်းခွဲ၊တပ်ဖွဲ့မှ​ရှေးဦးပြုစုနည်းအ​ခြေခံဒုတိယ​နေ့သင်တန်းဆက်လက်ပို့ချ
Mar 27,2022
ကြက်​ခြေနီအသင်း၏ လုပ်ငန်းစဉ်(၃)ရပ်အ​ကောင်ထည်​ဖော်နိုင်​ရေး၊ နိုင်ငံ​တော်အတွင်းဖြစ်​ပေါ် လျက်ရှိ​သော သဘာဝ​ဘေးအန္တရာယ်များနှင့် အ​ရေး​ပေါ်အ​ခြေအ​နေများဖြစ်​ပေါ်လာချိန်တွင် စနစ် တကျကူညီ​ဆောင်ရွက်​ပေးရန်၊​ ရှေးဦးပြုစုခြင်းစွမ်းရည်များနှင့် ကြက်​ခြေနီအဖွဲ့ဝင်​စေတနာလုပ်အားရှင်အင်အား တိုပွားလာ​စေရန်ရည်ရွယ်၍  ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်၊ မြို့နယ်ကြက်​ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှကြီးမှုး၍​ရှေဦးပြုစုခြင်း(အ​ခြေခံ) သင်တန်း ၁/၂၀၂၂ကို ယ​နေ့နံနက် ၉ နာရီတွင် ဒုတိယ​နေ့အဖြစ်အမှတ်(၈)ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာ၊အမှတ်(၇)အ​ခြေခံပညာမှုလတန်း​ကျောင်း၌ ဆက်လက်သင်ကြားလျက်ရှိသည်။
ကယားပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 27,2022
ကယားပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။
မော်လိုက်-တွန်းပင်လမ်းအား ကွန်ကရစ်လမ်းခင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး
Mar 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ မော်လိုက်-တွန်းပင်သွားလမ်းအား အောက်ခံမြေ သားပြုပြင်ပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် မော်လိုက်-တွန်းပင်-မိချောင်းတွင်း-တပ်ကုန်း လမ်းပေါ်တွင် Slab Culvert တစ်စင်း တည်ဆောက်နေမှုတို့အား မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ အေရိုးဗစ်နှင့်မြန်မာ့ သိုင်းအခြေခံအားကစားနည်းသင်တန်း၌ တက်ရောက်သူကျောင်းသား/သူများပိုမိုများပြား
Mar 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့် ကာယပညာဦးစီဌာနမှ ကြီးမှူးကျင်းပသော နွေရာသီကျောင်းပိတ်ရက်တွင်အခြေခံ အားကစားနည်းများဖြစ်သော အေရိုးဗစ်နှင့် မြန်မာ့သိုင်းအခြေခံအားကစားနည်းများကို သင်တန်းအခမဲ့ဖွင့်လှစ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် အခြေခံ ပညာမူလတန်း အမှတ် (၇) ကျောင်း၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။