မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်မှုသရုပ်ပြ

ဒဂုံတောင် မတ် ၂၇

ပူပြင်းခြောက်သွေ့သော နွေဦးရာသီ ရောက်ရှိလာသဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းနှင့် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၁၅၃)ရပ်ကွက်ရှိ (Yangon willing Dieselengine co.ltd) စက်ရုံရှိ ဝန်ထမ်း(၃၀)ဦးအား မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးငြှိမ်းသတ်သည့် နည်းလမ်းများ စနစ်တကျ ရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံတို့ကို ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ပြီး မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ဆောင်ရွက်ထားရှိရန်နှင့် မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရှိရသည်။

သန်းသန်းအေး(ဒဂုံတောင်)