သတင်းများ

နွေရာသီ အခြေခံအားကစားသင်တန်းများ ကဝမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခမဲ့သင်ကြား
Mar 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီ အခြေခံ အားကစားသင်တန်း ကစားနည်း (၃) မျိုးအား ၂၀၂၂ ခုနှစ်၊ မတ် (၂၄) ရက်နေ့မှ (၃၁) ရက်နေ့အထိ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ နနွင်းစျေးကောင်းရ၍ နနွင်းစိုက်တောင်သူများ စီးပွားဖြစ်ထွန်း
Mar 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ နနွင်းစျေးကောင်းရ၍ နနွင်းစိုက် တောင်သူများ စီးပွားရေးအဆင်ပြေကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 26,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၄)မိုင်ရပ်ကွက်ရှိ ရုံးဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီ အချိန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ကလေးမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 26,2022
စစ်ကိုင်းတိုင်းဒေသ​​ကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ၂၀၂၂ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့နံနက် (၁၀) နာရီက ဗိုလ်ချုပ်ဈေးတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ
Mar 26,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၇) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ကဝမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Mar 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို (၃၁.၃.၂၀၂၂)ရက်နေ့မှ (၉.၄.၂၀၂၂) ရက်နေ့အထိ စာစစ်ဌာန (၃)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား စစ်တုရင်း ပြိုင်ပွဲပြုလုပ်ပေး
Mar 26,2022
သထုံခရိုင်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား စစ်တုရင်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 26,2022
ကချင်ပြည်နာ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ကာမိုင်းနည်းဗျူဟာ စစ်တပ်ကုန်း၊ ဌာနဆိုင်ရာများနှင့် ဈေးဆိုင်များတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက အခမဲ့ဖြန်ဝေပေးခဲ့သည်။