ရန်ကုန် မတ် ၂၇
ကြက်ခြေနီအသင်း၏ လုပ်ငန်းစဉ်(၃)ရပ်အကောင်ထည်ဖော်နိုင်ရေး၊ နိုင်ငံတော်အတွင်းဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများဖြစ်ပေါ်လာချိန်တွင် စနစ် တကျကူညီဆောင်ရွက်ပေးရန်၊ ရှေးဦးပြုစုခြင်းစွမ်းရည်များနှင့် ကြက်ခြေနီအဖွဲ့ဝင်စေတနာလုပ်အားရှင်အင်အား တိုပွားလာစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှကြီးမှုး၍ရှေဦးပြုစုခြင်း(အခြေခံ) သင်တန်း ၁/၂၀၂၂ကို ယနေ့နံနက် ၉ နာရီတွင် ဒုတိယနေ့အဖြစ်အမှတ်(၈)ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာ၊အမှတ်(၇)အခြေခံပညာမှုလတန်းကျောင်း၌ ဆက်လက်သင်ကြားလျက်ရှိသည်။
အဆိုပါ သင်တန်းကိုမတ်လ၂၅ရက်နေ့မှ၂၇ရက်နေ့ထိဖွင်လှစ်မည်ဖြစ်ပြီး နေ့စဉ်နံနက်၉နာရီမှ ညနေ၄နာရီထိ စာတွေ့လက်တွေ့သင်ကြားမှာဖြစ်ကြောင်း သင်တန်းသားဦးရေ(၃၀)ဦးတက်ရောက်လျက်ရှိကာ ကိုဗစ်စည်းကမ်းများနှင့်အညီသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ကြက်ခြေနီရှေးဦးသူနာပြု အခြေခံနှင့်လူနာများအားထမ်း စဉ်နှင့်၊ ထမ်းစဉ်မဲ့ သယ်ယူပေးခြင်း သင်ခန်းစာများကိုပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)