သတင်းများ

ဖျာပုံခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား ကျောင်းသူ (၆၃၀၀)ကျော် ဖြေဆိုမည်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များတွင် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနမှပြုလုပ်မည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၆၃၂၇)ဦးဖြေဆိုရန် စာရင်းပေးသွင်း ထားကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Mar 27,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့တွင်းရှိ အောင်သုခလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ပြီးစီး
Mar 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများနှင့် တံတားများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော အောင်သုခလမ်း (မကွေးလမ်းနှင့် မြစည်းခုံ လမ်းကြား)ကွန်ကရစ်လမ်းခင်းခြင်း အရှည်(၄၇၉)ပေ အကျယ်(၁၆)ပေ အမြင့်(၈)လက်မလမ်းအား ခွင့်ပြုငွေကျပ် (၁၉.၁၄၀) သန်းဖြင့် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကလိန်အောင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 27,2022
၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလာမည့် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့်ဖြစ်ရာ ထားဝယ် ခရိုင်၊ ကလိန်အောင်မြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ယမန်နေ့နံနက်(၉)နာရီက ကလိန်အောင် နယ်‌မြေ မီးသတ်စခန်းက ဒုဦးစီးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်ပြီး မီးသတ်တပ်အဖွဲ့ဝင်များနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့တွင် Clean City၊ Smart City ဖြစ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် Clean City ၊ Smart City ဖြစ်လာ စေရေးအတွက် စုရပ်နေရာများခွဲကာ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ် ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီ၌ (၄)လမ်းမကြီးမှစ၍ (၃)လမ်းနှင့် (၂)လမ်းဝန်းကျင်တစ်လျောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
မိုင်းခတ်တွင် နွေရာသီအားကစားအ‌ခြေခံသင်တန်းစတင်ဖွင့်လှစ်၍ အခမဲ့သင်ကြားပေး
Mar 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစား အခြေခံသင်တန်းကို မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ယမန်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ဘုရားသုံးဆူပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Mar 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား သဘာဝပတ်ဝန်းကျင်နှင့် ပတ်သတ်သည့် အထွေထွေဗဟုသုတများရရှိ တိုးတက်လာ စေရေးအတွက်
ပိုင်ကျုံမြို့အမှတ် (၂) ရပ်ကွက်၊ ပိတောက်လမ်း‌ပေါ်တွင် Box Culvert တစ်စင်း တည်‌ဆောက်ခြင်း (၁၀၀) ရာခိုင်နှုန်း ပြီးစီး
Mar 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူ စေရေး၊