ဒေါပုံမြို့နယ်တွင်အသက်(၁၈) နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ဒေါပုံ  မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးရပ်ကွက်များ အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့်  ပြည်သူများအားကိုဗစ်-၁၉  ကာကွယ်ဆေးများကို ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် အတွင်းရှိ အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံ ရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့တွင် ပုံမှန်ဆေး ထိုးစုရပ်များ၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၅၀) ဦး၊  တတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ(၃၂၅)ဦးတို့အား Covishield  ကာကွယ်ဆေးများကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)