သတင်းများ

ပုဇွန်တောင်မြို့နယ်တွင်  အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး သွားရောက်ထပ်မံထိုးနှံပေး
Mar 25,2022
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ရောဂါဖြစ်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင်  ယမန်နေ့နံနက် (၁၀:၀၀)နာရီ က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်(Covishield) သွားရောက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်များအရောက် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ရပ်ကွက်များအရောက် သွားရောက်ထိုးနှံပေး
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ရာနှုန်းပြည့်ထိုးနှံရန်အတွက် ရပ်ကွက်များအရောက် ယမန်နေ့နံနက်(၉း၀၀)နာရီအချိန်က သွားရောက်ထိုးနှံပေးလျက်ရှိသည်။
ပလောက်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်း များအားနံရံကပ်ပြသ
Mar 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ သဘာဝဘေး အန္တရာယ်နှင့် ရောဂါကပ်ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့ပြန်/ဆက်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမနန်နေ့ မွန်းလွဲပိုင်း (၁) နာရီက ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ / ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ထန်းတပင်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် Pilot Project ဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်
Mar 25,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း စဉ်ဖြစ်သည့် အခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မြို့မအားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Mar 25,2022
ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန် ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ mask တပ်ခြင်း လက်ကိုမကြာခဏ လက်သန့်ဆေးရည်ဖြင့် ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေထိုင်ကြရန် အသိပညာပေးသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ၀န်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီတွင် ဌာနဆိုင်ရာများ၊ လမ်းသွား၊ လမ်းလာပြည်သူများအား  Mask နှာခေါင်း စည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးနှင့် ၆ လပြည့်ပြီးသူများအား Booster ဆေး ဆက်လက်ထိုးနှံပေး
Mar 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း /တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)  ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက်(၀၉:၀၀)နာရီအချိန်က covishield phase 7 (ဒုတိယ)အကြိမ်ထိုးနှံသူ (၅၅)ဦး၊ covishield phase 8 (ပထမ) အကြိမ်ထိုးနှံသူ(၁၁၀)ဦးနှင့် Boaterဆေးထိုးနှံသူ (၁၈၇)ဦး စုစုပေါင်း (၃၅၂)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။