ထန်းတပင်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် Pilot Project ဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်

ထန်းတပင်(ရန်ကုန်) မတ် ၂
 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း စဉ်ဖြစ်သည့် အခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မြို့မအားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးရာတွင် အသုံးပြုရမည့် သတ်မှတ်ပုံစံဇယားများနှင့် အဓိပ္ပာယ် ဖော်ပြချက်များ၊ စာရင်းရေးသွင်းပုံစနစ်များနှင့် ပတ်သက်၍လည်း ကျောက်တံတားမြို့နယ် ဦးစီးအရာရှိ ဒေါ်အေးမြသီတာနှင့် လမ်းမတော်မြို့နယ် ဦးစီးအရာရှိ ဒေါ်ဆွေဆွေထွန်းတို့မှ ရှင်းလင်းဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်ခဲ့သည်။ ထန်းတပင်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၉)ခုတို့တွင် အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးအတွက် Pilot Project ကိုလည်း ၂၄--၂၀၂၂  နေ့မှ ၃၁--၂၀၂၂ နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအား ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဖွဲ့ရုံးဝန်ထမ်းများ၊ ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မှတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)