သတင်းများ

ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့မြို့အဝင်အထွက်ဂိတ်များတွင်စစ်ဆေးထိုးနှံ
Mar 25,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆နာရီခွဲအချိန်က စတင် ပြီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ(အခမဲ့)ဖြန့်ဝေ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးနှင့် ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက လမ်းဆုံနေရာများ၊ စျေးများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ
Mar 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်​တော်တန်ဆောင်းတွင်ယနေ့နံနက် (၁၀း၀၀)နာရီမှ (၁၂:၃၀)နာရီထိကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD) အား ပထမအကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ်အတွင်းရှိ​ဦးဝိစာရရပ်ကွက်နှင့် ဘုရားကြီးရပ်ကွက်တို့မှ အသက် (၁၈)နှစ်   နှင့်အထက် ရပ်ကွက်နေပြည်သူ ကျား (၂၀)ဦး၊ မ(၃၅)ဦး လူဦးရေ စုစုပေါင်း (၅၅)ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်​​ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့် (၅၅) ဦးအတွက် ​ဆေးအလုံး​ရေ (၅ )လုံးအား ထိုးနှံ​ပေးခဲ့သည်။    
တွန်းဇံမြို့နယ်အတွင်း စာစစ်ဌာနနှစ်ခုမှ တက္ကသိုလ်ဝင်စာမေးပွဲကို ၄၃၇ ဦး ဝင်ရောက် ဖြေဆိုမည်
Mar 25,2022
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က တွန်းဇံစာစစ်ဌာနနှင့် အ.ထ.က ကျီခါးစာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူ ၄၃၇ ဦးက ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားကြောင်း သိရသည်။
ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားကြီးရင်ပြင်တော်နှင့် ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Mar 25,2022
ပုသိမ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့သော်လည်း အမှိုက်များ၊ သစ်ရွက်သစ်ခက်များကြောင့် ဘုရားစေတီနှင့် အဆောက်အဦများအတွင်း စုပေါင်းသန့်ရှင်းရေးများ ကို ယမန်နေ့ နံနနက် ၇  နာရီမှ ၁၀ နာရီအထိ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီ တော်မြတ်ကြီးရင်ပြင်တော်နှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များ စုစုပေါင်းအင်အား ၂၄၃ ဦးဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ဝေါလေမြိုင်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေ ရန်နှင့် ဘဝရည်မှန်းချက် ပန်တိုင်များကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်စေရန်ရည်ရွယ်၍ ဝေါလေမြိုင်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကို မတ်၂၂ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အလုံမြို့နယ်၌ (၇၇) နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်၊ စာ​စောင်ပြပွဲ​ ဆောင်ရွက်
Mar 25,2022
၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် နံရံကပ်စာ​စောင်နှင့် စာအုပ်စာ​စောင်ပြပွဲကို ယမန်​နေ့ မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထု အ​ခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။