သတင်းများ

ကလေးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ဖြေဆို
Apr 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ၏ ပထဝီဝင်ဘာသာရပ်ကို စာစစ်ဌာန (၂)ခုတွင် ဖြေဆိုခဲ့ပြီး ယနေ့လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၇၇) ဦး ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီဝင်ဘာသာရပ် အေးချမ်းစွာ ဖြေဆို
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က-၁   ၂၅၅ ဦး၊ အ.ထ.က-၂ တွင် ၁၄၁ ဦး ၊အ.ထ.ကရွာသစ်တွင် ၉၇  ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၁၄၃ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၈၉  ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၅၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၄၁ ဦး၊ အ.ထ.က ကျုံတလုတ် တွင် ၃၁  ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၃၅ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၈၈၈  ဦး တို့သည် ဧပြီလ ၇ ရက်နေ့နံနက် ၉ နာရီက ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကျိုက်ဒုံမြို့၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆို
Apr 07,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဘာသာရပ်အား အ.ထ.က(ကျိုက်ဒုံ)စာစစ်ဌာနတွင် ဧပြီလ ၇ ရက်၊ယနေ့ နံနက် ၉ နာရီက ပထဝီဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးခြင်း ကတ်ပြားများ စစ်ဆေးခြင်းဆောင်ရွက်
Apr 07,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့နံနက်၉နာရီအချိန်မှ နံနက်၁၁နာရီ အချိန်အထိ မြို့မရဲစခန်း ရှေ့စစ်ဆေးရေးဂိတ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးကြောင်း လက်မှတ်လက်ဝယ်ကိုင်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က-၁   ၂၅၅ ဦး၊ အ.ထ.က-၂ တွင် ၁၄၁ ဦး၊ အ.ထ.က ရွာသစ်တွင် ၉၇ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၁၄၃ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၈၉ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၅၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၄၁ ဦး၊ အ.ထ.က ကျုံတလုတ် တွင် ၃၁ ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၃၅ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၈၈၈ ဦး တို့သည် ဧပြီလ ၇ ရက်နေ့နံနက် ၉ နာရီက ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ပထဝီဘာသာရပ်) ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆို
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ (ပထဝီဘာသာရပ်)ကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ ကျောင်းသား/ကျောင်းသူ များ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိ​သည်။
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အလွတ်တန်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Apr 07,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစွမ်းအားများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကျင်းပသည်။